Sunday, 8 May 2011

Someone

မစားနိုင် မအိပ်နိုင် ငိုကြွေးနေ
တစုံတယောက်ကို ချစ်မိတဲ့အခါ ...
အိပ်မက်မက်မိ ဆွေးမြေ့မိရင်
နင့်နေအောင်ခံစားရ
တစုံတယောက်ကို ချစ်မိတဲ့အခါ ...
ဒီအဖြစ်လေးတွေဟာ
သိပ်ထက်သန်နေတယ်လို့ ခံစားမိခဲ့ရင်
မင်း အဲ့ဒီတစုံတယောက်ကို
မမြင်ဘူးလားကွယ် ...
မင်းကို အားပါးတရ ပွေ့ဖက်ထားမယ့်
မင်းရဲ့ ခံစားချက်မှန်မှန်လေးဖြစ်စေမယ့်
နေ့တိုင်း ညတိုင်း
ငါမင်းရဲ့ တစုံတယောက် ဖြစ်လိုက်ချင်တယ် ...
မင်းအားနည်းတဲ့အခါ အားပေးဖို့
မင်းရဲ့ ခံစားချက်ပြည့်စုံသွားစေဖို့
နေ့တိုင်း ညတိုင်း
ငါမင်းရဲ့ တစုံတယောက် ဖြစ်လိုက်ချင်တယ် ...
မင်းအတွက် အနှောင့်အယှက်သက်သက်လို့
မင်း အရိပ်အကဲလေးပြယုံနဲ့
ငါထွက်ခွါသွားမယ်လို့ မင်းမသိဘူးလားကွယ် ...
အိပ်မက်မက်မိ ဆွေးမြေ့မိရင်
နင့်နေအောင်ခံစားရ
တစုံတယောက်ကို ချစ်မိတဲ့အခါ ...
ဒီအဖြစ်လေးတွေဟာ
သိပ်ထက်သန်နေတယ်လို့ ခံစားမိခဲ့ရင်
မင်းက အဲ့ဒီတစုံတယောက်ဖြစ်တယ်လို့
မမြင်နိုင်ဘူးလား ...
ငါမင်းကို အားပါးတရလေး ဖက်ထားမယ်လို့
ငါစိတ်ထဲစွဲနေတုန်းပဲ ...
မင်းမရှိပဲ မနေနိုင်ဘူး
မင်းကို မမေ့ နိုင်တော့ဘူး ...
မင်းဘယ်နေရာမှာပဲ ရှိရှိ
ငါမင်းကို စိတ်ထဲစွဲနေတုန်းပဲ ..
မင်းကို အားပါးတရ ပွေ့ဖက်ထားမယ့်
မင်းရဲ့ ခံစားချက်မှန်မှန်လေးဖြစ်စေမယ့်
နေ့တိုင်း ညတိုင်း
ငါမင်းရဲ့ တစုံတယောက် ဖြစ်လိုက်ချင်တယ် ...
>>>>> DHT အဖွဲ့၏ Someone သီချင်းကို ခံစားထားပါသည် ။

Saturday, 7 May 2011

အချစ်ဆုံးဆရာ

ကျွန်တော်ဆရာသည်သဘောထားအလွန်ကောင်းပါသည်။ယခုအချိန်ထိလူပျိုကြီးဖြစ် ပြီ်းလေးစားဖို့ကောင်းသောသူတစ်ယောက်ဖြစ်၍တပည့်တွေအပေါ်နားလည်မှုအပြည့်ရှိပါသည်။
(ပန်းတွေပမာစိတ်ထားကာ
ဝေငှာပညာတပည့်တွေပေါ်မှာ
  ဖြူစင်စိတ်ထား ဆရာရဲ့အား
လွန်စွာကြီးမား myintar များ)


ခဏတာတွေ့ဆုံခဲ့ရပေမယ့် ဆရာ ရဲ့ဆိုဆုံးမစကား တသက်တာမေ့မရနိုင်ပါ။


အစ`ဉ်ထာဝရလေးစားရသော အချစ်ဆုံးဆရာတစ်ယောက် ဖြူစင်ရိုးသားသောဘ၀လက်တွဲဖော်နဲ့အမြန်ဆုံးနီးစပ်နိုင်ပါစေ

ဖြူစင်ရိုးသား ဆရာရဲ့အားမာန် အားသွန်ခွန်စိုက်ကြိုးစား သင်ကြားနေတာအချစ်ဆုံးဆရာပါ။

My sir is honest & teach to for every student mind to good ,make to student happy. 





အဝေးသို့ရောက်နေလဲ မမေ့နိုင်ပါ ။
ဘ၀အတွက် ကြိုးစားရုန်းကန်နေရလည်း ပျော်ရွှင်နေခဲ့ ကျွန်ုပ်တို့ရဲ့ဆရာ အဝေးရောက်မှ သတိရနေတာ  
လောကကြီးမှာဘယ်အရာမှ တည်မြဲနေမည်မဟုတ်ပါ

တည်မြဲနေခြင်းကတော့ပြောင်းလဲမှုပါ
study for good,
ဲ